နင် ပျော်ရွှင်ရာ ရပ်ဝန်းမှာ

ပျော်ပါစေ တောင်းဆုခြွေနေမယ်

နှလုံးသားမှာ ရှိုက်သံတစ်ချက်

လွင့်စင်ထွက်ကျယုံပါပဲ ..... ​


ကံကြမ္မာက ကိုယ့်ဖက်သာတယ်

နာကျင်အချိန်ပိုက 

ကိုယ့်အတွက် ကြိုးစားခွင့်တစ်ခုရယ်ပါ ..... 


တယုတယနဲ့ ထုဆစ်ခဲ့တာ

အမြဲတမ်းပဲ လန်းလို့ 

ဖျက်ပစ် ဖြတ်ပစ်ဖို့မှ မဟုတ်ခဲ့တာ ..... 


နာကျင်မှုနဲ့ ကြင်နာမှုဆိုတာ

သံစဉ်တေးသွားနဲ့ ချစ်ခြင်းတရားပဲလား

အဖြေရှာဆဲပဲ ....။

(၂၅.၁၀.၂၀၂၀) ရန်ကုန်။

Comments

Popular posts from this blog

သင်ယူခြင်း...

လီလီပန်းလေး