တို့တွေ့ချင်သေးတယ် .....

ဘဝတွေရယ် တိုတောင်းလှတယ်

မျှော်နေတာတွေ လာလိမ့်အုံးမယ်လို့

အိပ်မက်တွေထဲတောင် လှနေသေးလို့

စိုးစိတ်မရှိ ပကတိ အသိနဲ့ စောင့်စားရင်းပေါ့ .....။


ကျန်းမာရေးလည်း ဂရုစိုက်ဖို့

အချိန်မှန်မှန် စား၊ အချိန်မှန်မှန်အိပ်ပါတဲ့

သံယောဇဉ်တွေနဲ့ မှာတမ်းလည်း ခြွေလို့

အရာရာအဆင်ပြေစေဖို့

နေ့စဉ် ဆုတောင်းမေတ္တာတွေပို့ ကြ

ကပ်ကြီးပြီးရင် တို့တွေ့ရမယ်မှန်းလို့ရယ် .....။


တိတ်ဆိတ်ငြိမ်သက် တင်္ဂအတွက်

ပူပန်စရာတွေကို မတွေးနဲ့တော့

အရာရာတိုင်းအတွက်  ကောင်းသောနေ့လေးတွေ

ကြိုနေဦးမှာမို့ .....။

(၀၂.၁၀.၂၀၂၀) ရန်ကုန်။

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...