သိမ်းထားဆဲ ဒီအလွမ်းတွေ

နွမ်းပြီးမကြွေအောင် ကိုယ်ထိန်းလို့


အတူမဆုံပေမဲ့ အတူရှိသလို


စိတ်ထဲမှတ်ယူ ပို့မေတ္တာစေတော့


အေးချမ်းရသူ ကိုယ်က ပထမပေါ့ .....



ကိုယ်ယုံကြည်ရာ လျှောက်ကြည့်နေဆဲ


တို့သွားကြမဲ့ခရီး ရှည်လည်း


ရည်ရွယ်ချက်တူလို့ အေးလည်းအတူပဲ


ဆူးကြမ်းတွေ လွှမ်းမနေစေဖို့


ဒိုင်းလွှားပမာ ကာကွယ်လို့ရယ်


ဆန္ဒညီတူ ကြည်ဖြူစွာနဲ့ပဲပေါ့ ....



တစ်နေဝင်ရစ်လို့ တစ်နေထွက်တိုင်း


ရေတွက်ကြမယ် ကောင်းခြင်းမင်္ဂလာတွေ


စိတ်ကူးများလည်း ပုံဖော်လို့


တန်ဖိုးထားရာတွေလည်း 


မပြောင်းမလဲ စွဲမြဲစေမယ်လေ .....



အပတ်တကုတ် ကြိုးစားကြတာ


လွယ်လွယ်နဲ့ အားလျှော့ဖို့မှ မဟုတ်ပဲ


ပစ်တိုင်းထောင်လေးကို နမူနာကြည့်လို့


ပတ္တမြားမှန်ရင်တော့ သူ့ရောင်ဝါက


နွံထဲလည်း ဖောက်ထွက်တာပဲမဟုတ်လား .....



စောင့်နေမယ် အရင်လိုလေးပဲ


ဒီလမ်းကပဲ ပြန်ခဲ့စေချင်


ဒီဆောင်းမမှီပေမဲ့ နွေမိုးရောက်သွားလည်း


အလွမ်းတွေတိုးလို့ မေတ္တာမိုးရွာ


စိုစမ်းပါစေ တိုးလို့လာစေ ..... 


(၁၁.၁၀.၂၀၂၀) ရန်ကုန်။

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...