Posts

နှစ်သစ်ဆုတောင်း

Image
ကမ္ဘာကြီးရေ ချည်နှောင်တဲ့   ကြိုးတွေလည်း   ခိုင်ခိုင်မြဲစေ အနာအဆာတွေရှိခဲ့လည်း အချိန်က   အကောင်းဆုံး   သမားတော်တဲ့ အနာဂတ်ကို   ဖွေးသောလက်နဲ့ တည်ဆောက်ဖို့   ရွယ်ကြမယ်  ..... ရှေ့ကကြိုနှင့်ပြီ   တို့တွေ ....  အပတ်တကုတ်   ကြိုးစားလို့ ဖြစ်သမျှအကြောင်းလည်း အကောင်းပဲတွေးဖို့   လိုတယ်  .... အဓိကနဲ့   သာမည   အမြဲဝေခွဲလို့ ပြတ်သားမလား   ဝေဝါးမလား ဆုံးဖြတ်ကြမယ်  .... မပြည့်တဲ့အိုးတွေလည်း   ဖြည့်ကြရအုံးမယ်  .... တွဲလက်တွေ   မြဲမြဲဆွဲ မပြီးဆုံးသေးတဲ့   ခရီးလည်း နှင်ကြရအုံးမယ်  .... မျှော်လင့်ချက်   အပြည့်နဲ့ တို့ရဲ့   မနက်ဖြန်များကို အလှဆင်ကြရအုံးမယ်  .... (1.1.2021) Yangon.
 ကြယ်ကြွေညတစ်ညမှာ နတ်စီတဲ့ အိပ်မက်တွေမက်လို့ မှန်နံရံ အပြင်ဖက်က မင်းက ပြုံးစစနဲ့ လှမ်းကြည့်နေတယ် .... မင်းအပြုံးလေး မြင်ရတဲ့ခဏ နှုတ်ခမ်းက တွန့်ကွေးလို့ ထွက်လာပြန်တဲ့ အတွေးတစ်စ .... ဝမ်းနည်းပက်လက်နဲ့ ဆောက်တည်ရာမဲ့ အချိန်တွေ ထားခဲ့ချင်ပြီ ... တစ်ယောက်ထဲညတွေ ဖြတ်ကျော်နေဆဲပဲ .... (၁၆.၁၂.၂၀၂၀) ရန်ကုန်။
  ပျော်ရွင်ခြင်းများက   အလည်ရောက်လာ အိပ်မက်တွေလည်း   ခမ်းနားလို့ တိုးတိတ်ညင်သာ   စိတ်ကကြည်သာ အနာဂတ်ရေး   မျှော်တွေးတယ်  ..... အနေတတ်ဖို့   ငါလေ   ကြိုးစားခဲ့ စေတနာ   အတုအယောင်မထား အပြုသဘောသာ   ဆောင်လို့ ဘာလာလာ   ဒေါင်း   တယ်လေ  ..... (၁၁.၁၂.၂၀၂၀) ရန်ကုန်။ 

အရိပ်စစ်

ရှင်သန်ချိန်ခဏလေးမှာ ခိုလှုံရာ   အရိပ်စစ်လိုက်ရှာ စိတ်ထဲ   မဝံ့မရဲတွေလဲ   ပြတ်သားနိုင်ဖို့   အချိန်တစ်ခုသာ   ငါ ...  လိုနေတာ။   အချိန်တွေကြာခဲ့ပေမဲ့ သဘောထားချင်း   ယုံကြည်ချက်နဲ့   တူညီမှုရှာ ငါ့မှာ  ....  မောလှပြီ။   ဒီနေ့နဲ့မနက်ဖြန်တွေမှာ ငါဖွေရှာမိတာ   တစ်ခုတည်းသာ  .... ငြိမ်သက်   အေးမြတိတ်ဆိတ်မှုနဲ့မိတ်ဖွဲ့လို့ စိတ်ကူးထဲက   အိုအေစစ်တစ်ခုဆီသို့ ရောက်အောင်သွားဖို့ရယ်ပါ  .... (၀၁.၁၂.၂၀၂၀) ရန်ကုန်။
နင် ပျော်ရွှင်ရာ ရပ်ဝန်းမှာ ပျော်ပါစေ တောင်းဆုခြွေနေမယ် နှလုံးသားမှာ ရှိုက်သံတစ်ချက် လွင့်စင်ထွက်ကျယုံပါပဲ ..... ​ ကံကြမ္မာက ကိုယ့်ဖက်သာတယ် နာကျင်အချိန်ပိုက  ကိုယ့်အတွက် ကြိုးစားခွင့်တစ်ခုရယ်ပါ .....  တယုတယနဲ့ ထုဆစ်ခဲ့တာ အမြဲတမ်းပဲ လန်းလို့  ဖျက်ပစ် ဖြတ်ပစ်ဖို့မှ မဟုတ်ခဲ့တာ .....  နာကျင်မှုနဲ့ ကြင်နာမှုဆိုတာ သံစဉ်တေးသွားနဲ့ ချစ်ခြင်းတရားပဲလား အဖြေရှာဆဲပဲ ....။ (၂၅.၁၀.၂၀၂၀) ရန်ကုန်။
Image
  သိမ်းထားဆဲ   ဒီအလွမ်းတွေ နွမ်းပြီးမကြွေအောင်   ကိုယ်ထိန်းလို့ အတူမဆုံပေမဲ့   အတူရှိသလို စိတ်ထဲမှတ်ယူ   ပို့မေတ္တာစေတော့ အေးချမ်းရသူ   ကိုယ်က   ပထမပေါ့  ..... ကိုယ်ယုံကြည်ရာ   လျှောက်ကြည့်နေဆဲ တို့သွားကြမဲ့ခရီး   ရှည်လည်း ရည်ရွယ်ချက်တူလို့   အေးလည်းအတူပဲ ဆူးကြမ်းတွေ   လွှမ်းမနေစေဖို့ ဒိုင်းလွှားပမာ   ကာကွယ်လို့ရယ် ဆန္ဒညီတူ   ကြည်ဖြူစွာနဲ့ပဲပေါ့  .... တစ်နေဝင်ရစ်လို့   တစ်နေထွက်တိုင်း ရေတွက်ကြမယ်   ကောင်းခြင်းမင်္ဂလာတွေ စိတ်ကူးများလည်း   ပုံဖော်လို့ တန်ဖိုးထားရာတွေလည်း   မပြောင်းမလဲ   စွဲမြဲစေမယ်လေ  ..... အပတ်တကုတ်   ကြိုးစားကြတာ လွယ်လွယ်နဲ့   အားလျှော့ဖို့မှ   မဟုတ်ပဲ ပစ်တိုင်းထောင်လေးကို   နမူနာကြည့်လို့ ပတ္တမြားမှန်ရင်တော့   သူ့ရောင်ဝါက နွံထဲလည်း   ဖောက်ထွက်တာပဲမဟုတ်လား  ..... စောင့်နေမယ်   အရင်လိုလေးပဲ ဒီလမ်းကပဲ   ပြန်ခဲ့စေချင် ဒီဆောင်းမမှီပေမဲ့   နွေမိုးရောက်သွားလည်း အလွမ်းတွေတိုးလို့   မေတ္တာမိုးရွာ စိုစမ်းပါစေ   တိုးလ...