Posts

Image
အံဩစရာတော့ မရှိပါဘူးလေ ပဌာန်းဆက်တွေ ရှိနေတာ ခုချိန်ထိ အတွေးတူ အမြင်တူတာတွေက အကြောင်းတရားတစ်ခုပဲပေါ့ .... လိုအပ်ချက်နဲ့ လိုချင်တာခွဲခြားသိလို့ရယ် ရင်ဘတ်ချင်းနီးသူချင်းသာ သိတဲ့ဒီလမ်းဟာ ယုံကြည်ခြင်းနဲ့ ပဋိညာဉ်တစ်ခုအခြေပြု သက်ဆုံးတိုင်ထိ သွားကြရအုံးမယ်လို့ ခိုင်မြဲတဲ့သစ္စာတွေ ထားလို့ရယ် ရှေ့ဆက်ရဦးမယ် ..... ခရီးလမ်းရယ် ချောမွေ့မှုက ရာနှုန်းပြည့်တော့ ဘယ်ရှိပါ့မလဲ လောကဒဏ်ကို အလဲထိုးဖို့ ဒီတစ်ချီ နောက်ကျလို့ မဖြစ်တာမို့ သက်လုံကောင်းအောင် လေ့ကျင့်စို့ .....။ (၂၇.၀၇.၂၀၂၀) ရန်ကုန်။
Image
ကြက်ဥအရောင်   တိမ်တောင်သဖွယ် ခန့်မှန်းရခက်စွာ   လိုက်လို့မမှီ   တွေးမပီ သူ့အခင်းအကျင်းနဲ့သူမို့ ယုံကြည်ခြင်းနဲ့သာ   ဝန်းရံလို့ ငါတို့ရှေ့ဆက်မည်  .....။ .....  မှတစ်ပါး   အခြားမရှိမို့ ကွဲကွဲပြားပြား သိဖို့လိုပြီကွဲ့   ခရီးဆုံးထိ ရောက်အောင် ဒီရထားနဲ့သာ   အမှီလိုက်ခဲ့ ..... အနေအစားချောင်   သက်သာရာလည်း မလိုက်ကြတယ် လူဟောင်းတို့လည်း   မူပြောင်းလို့ ပိုကောင်းမဲ့   မနက်ဖြန်များရယ် ကြုံချင်သေးတယ်  ..... ။ (၂၄.၀၇.၂၀၂၀) ရန်ကုန်။
"သံယောဇဉ်ရှိရာရဲ့ ဟိုးတစ်ဖက်ကမ်းမှာ" ကိုယ့်သံယောဇဉ်တွေနဲ့   သူအေးပါစေ   ရည်ရွယ်ရင်း အတားဆီးမဲ့   မေတ္တာပို့ဝေလို့ ဆန်ပေးလို့ဆီရဖို့သာ   မျှော်ကြခေတ်ထဲမှာ ကိုယ်တစ်ယောက်မပါဘူးဆိုတာ အချိန်တွေက   သက်သေထူလို့   ဆယ်စုနှစ်တာ   ကျော်လာခဲ့ပေါ့  ..... အမြင်တွေတူ   အကြိုက်တူလို့ရယ် စကားဖောင်ဖွဲ့လို့   တောတောင်ရေမြေ သဘာဝတွေ   အကြောင်း  ကျွမ်းကျင်ရာ   လိမ္မာရာလည်း   တစ်ကြောင်းပေါ့  ..... အို   လေးဆယ်ကျော်တို့ရဲ့   ခရီးလမ်းမှာ အဓိကက   ကျန်မာခြင်းက   လာဘ်တစ်ပါးမို့ Life style  တွေထဲမှာ   အနေအထိုင်တတ်ဖို့လည်းလိုပြန်တာမို့ အချင်းချင်း သတိတွေပေးကြရင်းပေါ့ ..... ခေါင်းက   ဆံပင်ဖြူတွေ   အလံထူလာတိုင်း စိတ်တွေပါ   ပိုပိုဖြူလာနိုင်ရင်   ကောင်းမယ် ခြင်ဆီတွေမခမ်းခြောက်ရေး   ဒို့အရေး အမြင်တွေပိုပို   မမွဲလာဖို့အရေး   ဒို့အရေး အရာရာ   စိတ်ချလက်ချ   နေထိုင်စားသောက်ဖို့အရေး   တွေးကြရင်း နေဝင်ခ...
စကားလုံးတစ်ချို့ ဘရိတ်အုတ်လို့ ဘယ်ဖက်ရင်အုံက တစ်ဒုတ်ဒုတ်မြည်တယ်..... စိတ်မကောင်းခြင်း တေးသွားတစ်ပုဒ်နဲ့ အိပ်မက်တွေကို ပြန်ဖုံးအုပ် လက်တွေ့မှာ ဖြစ်မလာဖို့ အကြိမ်ကြိမ်ဆုတောင်းခဲ့တယ် ..... နေတတ်သလိုပဲ နေခဲ့ပါတယ် ချီးမွမ်းခြင်းမှာ မသာယာမိဖို့ ကဲ့ရဲ့ခြင်းလည်း ခဏတာဆိုတာ ပိုပိုသိလာခဲ့လို့ မတုန်မလှုတ် ကျောက်ရုပ်သာသာ  ခေါင်းကြောက မာမာနဲ့ နဖူးရေဒူးရေကတော့  စမ်းကြည့်မှ အသားမာတွေက အတိုင်းသား ..... အရှိန်အဝါတွေရဲ့ကြားမှာ  နဂါးမှန်းသိအောင် အမောက်ကလေးတသသနဲ့ တစ်ခါတစ်ခါမှာ တန်းခိုးတွေလည်း ပြလို့ တစ်ခါတစ်ခါမှာတော့  ကြောင်လက်သည်းဝှက်ထားရသလို တိတ်တိတ်ကလေးနဲ့ပဲ ကိုယ် နေသွားမယ် .....။ (၂၁.၀၇.၂၀၂၀) ရန်ကုန်။ 
လောဘ၊ ဒေါသ၊ မောဟတွေရယ် တစ်နေ့ပြီးတစ်နေ့  တိုးတိုးလာကြ ဒီလောကဝယ် ..... တစ်ချို့က လောဘသမုဒ္ဒရာထဲ လက်ပစ်ကူးလို့ ကမ်းမမြင်လမ်းမမြင်နဲ့ သောကပင်လယ်ဝေလို့ ကောင်းတုန်း ..... ဒေါသ၊ မောဟ ဝင်္ကဘာတောမှာ တစ်ချို့ လမ်းပျောက်လို့ ဆင်ကန်း တောတိုးသလိုတိုးရင်း ..... တကယ်တမ်းတော့ မြင်းမိုရ်တောင်လောက်ကြီးတယ် ထင်တဲ့ကိစ္စတွေက အချိန်တစ်ခုရောက်တော့ ဇီးစေ့လောက်သာသာ ဖြစ်ပြီးပျက် အနိစ္စသဘောနဲ့ မမြဲနေတာများ ဖက်တွယ်ထားစရာ ဘာမှမရှိတဲ့ မမြဲခြင်းတရားလို့ ဆင်ခြင်ကြဖို့သာလိုမယ်လေ .....။ (၁၉.၀၇.၂၀၂၀) ရန်ကုန်။
ကပ်ရောဂါရယ် နှိပ်စက်လွန်းတော့ တစ်ဝမ်းတစ်ခါး အတွက် အသက်မွေးမှုရယ် ခက်ခဲလာ ရပ်တည်ရာတွေ ပြောင်းလို့ အကြံတွေတူလို့ရယ် ဈေးရောင်းကြတယ် .... ပေါ်ပင်မှာ ပျော်ဝင်နစ်ကြတယ် တစ်ချို့လည်း ခေတ်နောက်အမှီလိုက် အများအကြိုက် လိုက်ရှာရတာ ကိုယ့်ကိုယ်ကိုယ်တောင် ပျောက်လုပျောက်ခင် ..... ကိုယ့်အသက်မွေးမှုနဲ့ ကိုယ့်ရပ်တည်ချက်ရယ် ထပ်တူမကျနိုင်ပြီမို့ တစ်ကိုယ်တော်လည်း ဈေးရောင်း ကိုယ့်ကိုယ်ကိုယ် အရောင်တင်ရင်း ဈေးသည်ဘဝ တစ်ခဏပဲဖြစ်ကြပါစေ .....။ (၁၇.၀၇.၂၀၂၀) ရန်ကုန်။

ဘဝတာမှာ .....

Image
တစ်ဖက်စောင်းနင်းနဲ့ ဘဝတွေများ ခုတ်ရာတခြား ရှရာတလွဲတွေနဲ့ ခုနေလွဲတာလဲ လွဲစေအုံးပေါ့ မျှော်နေဦးမယ် မနက်ဖြန်များအတွက် တစ်နေ့စာ တစ်နေ့တွက်သာ ကျော်ဖြတ်ကြရင်းနဲ့ကွယ် ..... ဖြေးဖြေးမှန်မှန်လျှောက်ခဲ့ကြ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ..... ဘဝတာမှာ လွယ်အိတ်လိုလူနဲ့လည်းကြုံရမယ် နှုတ်ဖျားမှာ ပျားရည်လူးထားသယောင်နဲ့ အဆိပ်တွေအပြည့်နဲ့ ပညာတွေကြွယ်တဲ့ လူတွေနဲ့လည်း တွေ့ရလိမ့်မယ် ..... မင်းဖက်ကကြည့်တော့ လက်ဖဝါး သူ့ဖက်ကကြည့်တော့ လက်ဖမိုးရယ် နှစ်ဖက်အမြင်နဲ့ သူ့နေရာလည်း ဝင်ခံစားလို့ အဖြူအမဲရယ်မခွဲ မူမှန်သူရယ်ဖြစ်ဖို့ ဟန်ကိုသာထုတ်   အမှန်မလုပ်တဲ့   ရပ်ဝန်းကို အမှန်အကန်မထင်မိဖို့   သတိမူ ဟန်ဆောင်အလွှာတွေကို   ဖယ် အပြောမဟုတ်   အလုပ်နဲ့ရယ် သက်သေထူကြမယ်လေကွယ်  .....။ (၁၄.၀၇.၂၀၂၀) ရန်ကုန်။