Posts

  ချစ်ခြင်းတရားက   မွေးမိခင်တမျှ သူလုပ်သမျှ   မှင်သက်မိရ   ခဏခဏ မေတ္တာတရားကို   တန်ဖိုးထားမြဲ သစ္စာတရားနဲ့   သူလမ်းပြဆဲ အကြောက်တရားက   လွတ်မြောက်ဖို့အရေး သူ့ကိုယ်သူနဲ့စတေး   အမြဲ   လမ်းပြပေး  ..... အဲဒီကျေးဇူးကြွေး   တို့ဆပ်ဖိုးဝန်မလေး ဆူးညောင့်ခလုတ်တို့   ဖယ်ကာရှင်းရင်း အမေ့ခေါင်းမှာ   ပန်းတွေနဲ့ဝေဖို့တွေး ဖွေးဖွေးဖြူတဲ့   စံပယ်တစ်ခင်း ငါလေ  ...  စိုက်ပေးချင်။   TTH (19.6.2022) ကမ္ဘာ့ သံမဏိလိပ်ပြာရဲ့  ( ၁၉ . ၆ . ၂၀၂၂ )  မှာ   ကျရောက်တဲ့   ၇၇   နှစ်မြောက်   မွေးနေ့   လက်ဆောင်

၄၀ ကျော်အတွေးများ

၁၀   စုနှစ်လေးစုစာ ဘဝမှာ   နုနယ်ပျိုမြစ်ခြင်းနဲ့  ရင့်ရော်ခြင်းဟာ  သစ်ရွက်ပမာ ဘဝရဲ့   ဝတ္ထုဇာတ်လမ်းတွေထဲ ဇာတ်သိမ်းကောင်းမဲ့အရေး  တွေးရင်း  အနာဂတ်ကို ရေးခြစ်ရာမှာ ယုံကြည်ချက်ဟာ အခရာမို့ လမ်းပေါ်လျှောက်ရင်းလမ်းမပျောက်ဖို့ ငါ .... ကြိုးစားခဲ့တယ်  ..... ဘဝပင်လယ်ပြင်မှာ လှိုင်းထန်လေဆန်လည်း လက်ပစ်ကူးရမဲ့အချိန်မှာ  မမောတမ်းကူးခတ်လို့ ပန်းတိုင်ရောက်ရေးသာရှေးရှုလို့ ..... အမှန်တရားကို မြတ်နိုး သစ္စာလေးပါး မြတ်တရားသာ  ထွဋ်မြတ်ထားရာ အမှန်မို့ သစ္စာဖြူဖြူနဲ့ တောင်းဆုတွေပြုမိတယ် ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုးလို့ ကောင်းကျိုးကိုယ် ၌  တည်ပါစေသော် .....။ ဆယ်စုနှစ် လေးစုရယ်ကျော်လာတော့ အတွေ့အကြုံရယ်နဲ့ ဘဝလမ်းခရီးမယ် ဘယ်အကွေ့မှာ   ဘယ်ခလုပ်နှိပ်မလဲ ငါ .... ရွေးချယ်တတ်ခဲ့ပြီ ..... ကိုယ့်ကိုယ်ကိုယ်သာ   နှိမ့်ချ ပေးဆပ်ခြင်းများနဲ့   မွေ့လျော်ရင်း ငါ ....    ဘာမှမဟုတ်ခဲ့တာ သေချာတယ်  ဒီအတွက်   ငါ ... ကျေနပ်တတ်ခဲ့တယ်။ ဆယ်စုနှစ် လေးစုကျော်လာခဲ့ရင်း လူကဲခတ်ခြင်းပညာမှာ တစ်ဖက်ကမ်းခတ်လို့ မညီမျှခြ...
  နာကျင်နေ့ရက်ရှည်တွေထဲ အေးစက်စက်   နှလုံးသားလည်း အနွေးဓာတ်တို့   ငံ့လင့်နေဆဲ  .... နားလည်စာနာမှုဟာ   ဝင်ကြည့်ရခက်လှ   အတွေးဆိုးတွေက   ပုံစံမကျ ဖြူစင်တဲ့ဘဝ   ပြန်ရဖို့ခက်လှ  ….. နေမပျော်စရာမရှိတဲ့   ဘဝတွေနဲ့ ပျော်စရာအတိနဲ့   ဘဝတွေကြား   ခြားနားမှုက   ကောင်းကင်   နဲ့   မြေကြီးအဝီစိ  .....။ (62.6.2022) THU

အဖော်

  အဆုံးအစမရှိတဲ့ လောကသံသရာထဲ ​ အတွေးတွေက   နက်ရှိုင်းတယ် ဘဝမှာ   သူ့အဓိပ္ပါယ်နဲ့သူပဲ ဘဝကိုယ်စီ   ရပ်တည်မှုကိုယ်စီပဲ အတိမ်အနက်သဘောတွေကို မင်း  ....  နားလည်တယ် ပျော်ရွှင်မှု   မပျော်ရွှင်မှုတွေက ဘယ်အရာမှ   မမြဲဘူး မင်း  …..  သိတယ်   နာကျင်ဒဏ်ရာတွေလည်း အချိန်က   ကုစားနိုင်ရမယ် အရှုံးမပေးလိုက်ဖို့ပဲ   လိုတယ်မဟုတ်လား  .... လဲကျတိုင်း   ပြန်ထဖို့ ခံနိုင်ရည်အားရှိရမယ် အတွေဆိုးများလည်း   ဖယ်ထုတ်   မသေမချင်း   အလုပ်လုပ်ရမယ်  .... ပေးဆပ်ခဲ့ခြင်းမှာလည်း အချိန်တွေကုန်ခဲ့သလောက် ကိုယ်ပြန်ရတာ   ရှိလိမ့်အုံးမယ်  .... အချစ်နဲ့   အမုန်း အရှုံးနဲ့   အနိုင် ချိန်မြိန်ခြင်းနဲ့   ခါးသီးခြင်း   အကြောင်း ကြင်နာမှုနဲ့   နာကျင်မှုအကြောင်း ပေးဆပ်မှုနဲ့   ရယူမှုတွေအကြောင်း ဘဝတစ်လျှောက်   သင်ယူတတ်မြောက်ခဲ့ရင် နေပျော်ပါတယ်  .... အဖော်   မမဲ့ပါဘူး ကိုယ့်ရဲ့စိတ်က   ကိုယ့်အဖော်ပဲမို့   အဖော်မမဲ့ပါဘူး  .....။ 31.3.2022(TUE)
ရပ်ကြည့်နေမိတယ် ရေဆန်ခရီးဟာ ရှည်ကြာလွန်းလှ လာရာလမ်းဟာလည်း ခရီးအတော်ပေါက်ခဲ့ပြီပဲ ..... ငေးကြည့်နေမိတယ် ချိတ်ချင်း ချိတ်တို့ငြိမြဲငြိဆဲ လူ့လောက သံသယာထဲ .... မမြင်နိုင်တဲ့ ကံကြမ္မာနေ့ရက်တွေမှာ မျိုးစေ့တွေက လောကတခွင် ဘယ်ဥယျာဉ်ထဲ ပေါက်ဖွားမလဲ ..... ဘယ်အသိုက်မှာ ခိုနားမလဲ ငှက်ကလေးရေ.... လိုရာခရီး မင်းပျံသွားတဲ့အခါ ဘေးကင်းလုံခြုံလို့ ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံတဲ့ကမ္ဘာမှာ မင်း နားခိုနိုင်ပါစေ ..... TTH (14.5.2022)
Image
ဘဝမှာ စံတွေသတ်မှတ်ချက်တွေဆီ အရောက်လှမ်းချင်ပေမဲ့ အတွေးတွေနဲ့ မှောက် ဘေးရောက်ရောက်သွားတာ .... ပြေးလမ်းတစ်လျှောက် သွားရာတူလို့ ဖေးကူမယ်တွေး ဝေးဝေးမပြေးရဲဘူး .... စိတ်အစဉ်မှာ မဖိတ်မစင်နဲ့ အနာဂတ်ဆီသို့ တွေးတွေးမြင်ပြီး စိတ်ကြီးဝင် ဘဝင်ကျမိတယ် ..... ရွေးချယ်စရာ ဒီတစ်လမ်းသာရှိတာမို့ လမ်းချင်းတူရင် တစ်နေ့တော့ဖြင့် ဆုံနိုင်ကောင်းရဲ့  မဝေးတဲ့အနာဂတ်မှာ အဖြေတစ်ခုက အသေအချာရှိနေရဲ့ ...။ TTH(24.04.2022)
ကာလတွေ ကြာညောင်းပေမဲ့ အလွမ်းတွေက လတ်ဆတ်နေတုန်း ဝေဝါးထွေပြားမသွားခဲ့တာ မျက်ရည်စတွေက သက်သေထူလို့ ..... အမှတ်ရစကောင်း အောင်းမေ့ရစကောင်းပေမဲ့ မာနအစွဲကြီးသူ မဖြစ်ရပါလို ​လောဘ၊ဒေါသ၊မောဟ နည်းသူ ကိုယ်ဖြစ်ရပါလို၏ .... ပုစ္ဆာအမေးတိုင်း ထာဝရဖြေရှင်းနိုင်သူ ဖြစ်ရပါလို ..... ခိုင်ကျည်တဲ့ သစ္စာတွေ မပျောက်ပျက်စေ ကြည်လင်တဲ့ မေတ္တာတွေ အစွမ်းထက်စေ ဂရုဏာအင်အား အစဉ်တိုးပွားနိုင်ပါစေ ..... 10.04.2022 YGN