ငြိမ်းချမ်းမှုသာ တို့ဖွေရှာ
လရောင်ယိုဖိတ် တိတ်တဆိတ်ည
အတွေးကဆန်းကျယ်
ဖွင့်ထုတ်မြွတ်ဟ စကားလုံးများက
ရိုးပုံရိုးလက် သူ့အနက်ဖြင့်
ရော်ရည်ရွယ်မှန်း ငြိမ်းချမ်းသောလမ်း ..... 
မာနဟူကား ပူလောင်လှဟု
လက်ခံမှတ်ယူ ထို့အတူတူ
အသိ သတိ မွေးယူကာထား
ပိန်းကြာရွက်ပေါ် ရေမတင်သို့ 
အပူဟူသမျှ ကင်းပါစေသား..... 
TTH (27.2.2020)

 
Comments
Post a Comment