စေတနာက ပေးစရာဟု

ဟေ့ ဒီမှာ စိတ်ဓာတ်စစ်ဆင်ရေးလား

လာမပြောနဲ့ .....

ယုံကြည်မှုတစ်ခုတည်ဆောက်ဖို့

ဘာလိုတယ်ထင်လဲ ?????


တိုးတက်တဲ့ ခေတ်ကြီးမှာ

ခေတ်နောက်က လိုက်ဖို့မလိုတဲ့အရာနဲ့

ခေတ်နဲ့အညီ ပြောင်းဖို့လိုအပ်တာ

သေချာတာကတော့ စေတနာက

ချန်ခဲ့လို့မရတဲ့အရာ .....


စိုက်သည့်အတိုင်းတော့ ရိတ်ရမှာ

ရင်ခွင် ဗလာမှာ စေတနာလေးထည့်

Give & Take မှာ ပေးစရာက

အရင်လာတာပဲမဟုတ်လား .....


လက်ဗလာဟာ ယူစရာလို့သာ

မတွေးမှတ်စေချင်တာ .....


လူလူချင်းတူပေမဲ့ စိတ်စေတနာ

ကွာဟမှုဟာ နောင်အရှည်မှာ

သူလုပ်ရပ်ဟာ သေချာနေတာ

အမြင်ကောင်းပြီး အကောင်းမြင်စရာ

ဖြစ်လာမှာပဲပေါ့ .....

TTH (22.2.2020) 

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...