နေရာမှန်

ဂုဏ်ဆာသမျှကတော့ ပူလောင်လှပါတယ်

ရှေ့မထွက်လည်း နောက်တန်းတစ်နေရာက

အို ..... သာပါတယ်လေ .....


စေတနာက ထားတဲ့နေရာ မှန်မှသာ

မှတ်ကျောက်တော့ မလိုပါ 

အသက်ထက်မက ရင့်ကျက်မှုက

အောင်မြင်မှုတွက် ထောက်တိုင်ပမာ .....


ပြုလွယ်ပြင်လွယ် ဆုံးမလွယ်ကူ

နီတိလိုက်နာ မနက်ဖြန်များဟာလှပလို့

ရေမြင့်မြင့်မှ ကြာတင့်သမို့

ရေလိုကျင့်ကြစို့ရဲ့ .....

TTH (29.2.2020)




Comments