မေတ္တာနှလုံး အစဉ်သုံး

တောင်းပန်တယ် ထင်ရာမြင်ရာ

တွေးမပစ်ပါနဲ့

ကိုယ့်အဖို့မှာ စေလိုရာစေ

သခင့်ထံပါး ဝံ့ဝံ့ကြွားကြွား

ခစားလျက်သာ မျှော်လင့်မပါ

ကိုယ့်စေတနာ .....



ကိုယ်နေထိုင်ရာ လူ့ဘောင်ဘဝမှာ

စိုသောလက်တို့ မခြောက်စေဖို့

နှလုံးအိမ်ထဲက အသိတရားတို့

ချွန်းဖြင့်အုပ်ကာ အားထုတ်မှန်စွာ

တရားဒေသနာ လိုက်နာရာဟု

မှတ်ယူပြဌာန်းမည် .....


စိတ်က အိပ်မပျော်တဲ့အခါ

စက္ကန့်မလပ် ဖြစ်ပျက်ခန္ဓာ

သူ့ချည်းသာမို့ တိတ်တဆိတ်

စောင့်လို့ သူ့သဘောနဲ့

လိုက်လျောညီထွေ ရှိစေအရေး

ကြိုးစားအားထုတ် မိပြန်တာ .....



ငြိမ်သက်အေးမြ တစ်ခဏလည်း

ရတုန်းရခိုက် လုံ့လစိုက်လို့

မမြဲခြင်းမှာ လမ်းဆုံးသည်သာ

တရားကိုက ရှိနှင့်ပြီး.....


သို့ပါသောကြောင့် 

အမှန်သိမြင် လက်တွေ့တွင်လည်း 

မေတ္တာနှလုံး  အစဥ်သုံးကာ 

တရားတော်တိုင်း ကျင့်သုံးလိုက်နာ 

ရှိစေချင်တာ.....။

TTH (24.2.2020)


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...