ထောင်ချောက်တွေ.... 
............................................................
ဆူးတွေပြည့်နှက်ပေမဲ့

ပန်းခင်းလမ်းသဖွယ်

မာယာအပြည့်နဲ့ကြိုတယ် .....


မရိုးမရှင်းနဲ့ ဟန်တွေလုပ်

မာန်တွေထုတ်ကြတဲ့ ဒီပွဲမှာ

ရုံပြည့်ရုံလျှံလို့ 

ပွဲကြည့် ပရိတ်သတ်ဟာ

ရင်ဘတ်ဗလာ ဟာတာတာနဲ့

ဇာတ်သိမ်းလည်းမျှော်လင့်တာ

အဲမှာ စတွေ့တာပဲ..... 


နွေးထွေးတာလား အေးစက်တာလား

တစ်ဖက်တစ်ချက် ယှဉ်ရပ်ကြည့်တော့

ချိန်ခွင်လျှာက တစ်ဖက်စောင်းလေးနဲ့ပေါ့..... 


မျှခြေမတူတဲ့ ရလဒ်တွေက

ရေရှည်မှာ လွယ်ရဲ့လား

သားကောင်ကို ငံ့တလင့်လင့်စောင့်စားရင်း

ဖိတ်ခေါ်နေတဲ့ ထောင်ချောက်ထဲ

ဝင်တိုးရင်း တစ်စစီအဖြစ်ခံမလား..... 


မသေချာတာတွေက များလှလို့

သေချာနေတဲ့ ဒီတစ်ခုတော့

ဆွဲအုံးမဟဲ့လို့ တွေးရင်းကြည့်မိတော့

ကျားမြီးတဲ့ကွယ်.....  

(၀၃.၀၈.၂၀၂၀) ရန်ကုန်။


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...