မမြဲခြင်းတရားနဲ့အတူ

သစ်ရွက်ကလေးတွေ လေသင့်ရာအရပ်ဆီလွင့်လို့

ငှက်ကလေးတွေလဲ မိုးလေရှောင်ရင်း

ခိုနားနေရာက ဘေးကင်းလုံခြုံပါစေ...... 


နံနက်ခင်းမှာ စိတ်ပျော်ရွှင်စရာနဲ့အစပြု

သာသာယာယာဘဝရဲ့ မှတ်တမ်းတွေ

ရာဇဝင်ထဲမှာ ထားခဲ့ဖို့ ကြိုးစားမယ်

ကြိုးစားရင်း ကျားဆိုးလိုလူတွေရဲ့အဝေး

ပြေး ပြေး ရှောင်ရင်း

ကိုယ်ခံပညာက အဆင့်တက်လာပြီထင်ရဲ့ .....


ရှေ့သို့ပြေးရင်း နောက်ပြန်လှည့်အကြည့်

ဟိုတစ်စဒီတစ်စနဲ့ ဆွဲထုတ်ရအုံးမယ်လို့

အတွေးတွေ သယ်ဆောင်ရင်း .......


ထမ်းထားတဲ့ အထုတ်တွေလည်း

လွှတ်ချဖို့သင့်ချိန် လွှတ်ချနိုင်ရမယ်

မီးခိုးတလူလူ ညှော်နံ့တအူအူနဲ့

အို သင်္ခါရနဲ့ မမြဲခြင်းတရားက

သူ့နေရာနဲ့သူ နေရာယူ

အသင့်ရှိနှင့်ပြီးသားပဲမဟုတ်လား .....။

(၁၈.၀၈.၂၀၂၀) ရန်ကုန်။ 

Comments

Popular posts from this blog

လီလီပန်းလေး

သင်ယူခြင်း...