အဆုံးမရှိ .....

ဆက်ရေးရအုံးမဲ့ ဘဝရဲ့တေးသီချင်းများ

ရင်ဘတ်နဲ့ရင်း ဉာဏ်ပညာအလင်းတို့

ငံ့လင့်နေဆဲ အငြင်းအခုံရယ်မဲ့စွာနဲ့

ငါတို့လျှောက်ကြစို့ .....


အရိုးသားဆုံးနဲ့ နှုတ်ထွက်စကားများ

မျှားလိုခွင်း ပျားလိုသင်းစေ

ကံစီမံရာ ကိုယ်တိုင်လိုက်မျောရင်း

သတ္တိတို့မွေးလို့ လောကဒဏ်ကို

အလဲထိုးရအောင် .....


ဒုက္ခတွေကို သုခနဲ့ရောစပ်

စိတ်မပျက်လိုက်ပါနဲ့ 

မနက်ခင်းတိုင်း အပြုံးနဲ့နိုးထ

ငါဆိုတဲ့ အတ္တကို ဖြိုချ

ပူလောင်ခြင်းများကို ငြိမ်းသတ်ရမယ် .....


အတုအယောင်တွေနဲ့ ဝေးရာသာပြေးလို့

စစ်မှန်ခြင်းအတွက် အားပေး

အဲဒီ ခွဲခြားခြင်းကိုတော့ 

လက်သင့်ခံဖို့ လိုမယ်လေ ......။

(၀၁.၀၈.၂၀၂၀) ရန်ကုန်။ 

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး